လာမည့် သီတင်းပါတ်အတွင်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးစိတ်ဝင်စားသူ ပြင်ပလူငယ်များနှင့် တွေ့ဆုံပွဲ ပြုလုပ်မည်ဟုသိရသည်။ ၄င်းတွေ့ဆုံပွဲကို ဒီဇင်ဘာလ၊ ၁၇ ရက် သောကြာနေ့တွင် ပြုလုပ်ရန် စီစဉ်ထားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လာမည့် ရက်သတ္တပါတ်သို့ ရွှေ့ဆိုင်းလိုက်သည်။ ၄င်းဆွေးနွေးပွဲကို အမှတ် ၉၇၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ် အဖွဲ့ချုပ်ရုံးတွင်း ကျင်းပမည်ဟု အဖွဲ့ချုပ်အဖွဲ့ဝင်များက ပြောကြားသည်။ ကျင်းပမည့်ရက် အတိအကျမသိရှိရသေးသော်လည်း လာမည့်ရက်သတ္တပါတ်အတွင်း ပြုလုပ်မည်မှာ သေချာကြောင်း သိရသည်။
Thursday, December 16, 2010
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးစိတ်ဝင်စားသူ ပြင်ပလူငယ်များနှင့် တွေ့ဆုံပွဲ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment