ရဲဘော်လူငယ်အပေါင်းတို့ 
အခုဆိုရင် န-အ-ဖ စစ်အစိုးရက သူတို့ ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲမှာ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးနိုင်တဲ့ စာရင်းမှာ ထည့်လိုက်ပြီ ။ အရင် ကထည့်မထားဘူး။ သေချာစဉ်းစားကြည့်ရင်။ ဒီလုပ်ရပ် ဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဆက်လက်ချထားမယ်ဆို တဲ့သဘောတွေ့ ရတယ်။ အရပ်သား (သို့ ) လူငယ်စကားနဲ့ ပဲ ရှင်းကြတာပေါ့။ ဥပဒေစကားက ရှေ့ နေတွေ ပြောလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ၀င်းအတွင်းကို အမေရိကန်နိုင်ငံသား ဂျွန်ဝီလံ ယက်ထော ရေကူးဝင်လို့ ဆိုပြီး စစ်အစိုးရ က ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲခဲ့တယ်။ ထောင်ဒဏ် (၃) နှစ်ပြစ်ဒဏ်ချမှတ်တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လုပ်ပိုင်ခွင့်အာဏာအရဆိုပြီး ပြစ်ဒဏ်ကို ထက်ဝက်သာ ကျခံစေတယ်။ နေအိမ်တွင်ကောင်းမွန်စွာ နေထိုင်ခဲ့လျှင် ကျန်တဲ့ပြစ်ဒဏ်ကို လျော့ပေါ့ပေးမယ်လို့ ပြောတယ်။ တစ်နှစ်ခွဲပြီးရင် လွှတ်ပေးရတော့မယ်လို့ အားလုံးက လက်ခံယူဆခဲ့ကြတယ်။ ခုမဲပေးနိုင်တဲ့ စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်အမည်ကို ရေးသွင်းလိုက်ခြင်းဟာ၊၁၁.၈.၂၀၀၉ ရက် တရားရုံးကနေအမိန့် ချလိုက်တဲ့ နေ့ က စပြီး မနေ့ က ၂၄.၉.၂၀၁၀အထိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ အကျယ်ချုပ်နေထိုင်ခဲ့ရတဲ့ကာလဟာ နေအိမ်တွင်ကောင်းမွန်စွာနေထိုင်သည့်ကာလ ဖြစ်သွားပြီး။ သူ ထောင်ဒဏ်ကျခံရမယ့် တစ်နှစ်ခွဲကာလက အခုလာမယ့် ၁၃.၁၁.၂၀၁၀ကျမှ စတင်ကျခံရ မယ့်သဘောဖြစ်သွားပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ချင်လို့ အရင်ကတည်းကစဉ်းစားပြိးလုပ်ထားတာ။ ယုတ်မာတာပေါ့။ မိတ်တွေရဲဘော်လူ ငယ်အပေါင်းတို့  သတိလက်လွှတ်မဖြစ်ကြစေနဲ့ ။
သင်တို့ ရဲ့ 
ရန်ငြိမ်းအောင်
Saturday, September 25, 2010
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်မဟုတ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment