Thursday, July 1, 2010

သွေးလှူရှင်များအား NLD ဂုဏ်ပြု

Photobucket



ဒေါ်အောင်ဆန်းစုကြည်ဧ။် ခြောက်ဆယ့်ငါးနှစ်မြောက် မွေးနေ့ 
သွေးလှူရှင်များအား အဖွဲ့ ချုပ်ဂုဏ်ပြု

အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဧ။် ခြောက်ဆယ့်ငါးနှစ်ပြည့် မွေးနေ့ ကို ဂုဏ်ပြုသည့်အနေဖြင့် သွေးလှူခဲ့သော သွေးလှူရှင် လူငယ် ခြောက်ဆယ့်ငါးဦးအား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဂုဏ်ပြု လက်မှတ်ကို ၃၀ ရက်နေ့  ဇွန်လ ၂၀၁၀တွင် ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါဂုဏ်ပြု လက်မှတ်ပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင် ဦးဝင်းတင်က အသိအမှတ်ပြုကြောင်းလက်မှတ်ရေးထိုးပေးခဲ့သည်။ သွေးလှူရှင် တစ်ဦးဖြစ်သူ မသီတာက “ကျမတို့ လူငယ်ထုတရပ်လုံးက ယုံကြည်တဲ့ ဒေါ်အောင် ဆန်းစုကြည်အတွက် သူ့ မွေးနေ့ ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျမတို့ သွေးလှူခဲ့ကြတာ ပါ။ သူငယ်ချင်းတွေတိုင်ပင်ပြီးလုပ်ကြတာပါ အဖွဲ့ ချုပ်က အခုလို အသိအမှတ်ပြု ဂုဏ်ပြု လွှာပြန်လည်ပေးအပ်တယ်ဆိုတော့ ၀မ်းသာဂုဏ်ယူလွန်းလို့ မျက်ရည်တောင် လည်မိပါတယ်။ ဒါဟာ အဖွဲ့ ချုပ်နဲ့ လူငယ်ထုကြား အပြန်အလှန်နားလည် ယုံကြည်မှု ရှိတယ်ဆိုတာ ကိုပြသလိုက်သလိုဖြစ်တယ်လို့  ယူဆပါတယ်” ဟု ပြောပြသွားပါသည်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ကို ဂုဏ်ပြုတဲ့ အနေနဲ့ သွေးလှူ ဒါန်း ရာမှာ အခက်အခဲတစ်ချို့ ရှိကြောင်းလဲ သိရပါတယ်။ “ဟုတ်တယ် သွေးလှူဒါန်းတဲ့ လူငယ်က စုစုပေါင်း တစ်ရာ လောက်ရှိမယ်ထင်တယ်။ ကျနော်တို့  လေးငါးယောက်ဆီ ခွဲပြီး ဇွန်လ ၁၂ ရက်နေ့ က စပြီး ၁၉ ရက်နေ့ အထိ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားလှူတာပါ။ ဒါပေမယ့် တစ်ချို့က ကျန်းမာရေးအခြေအနေ အရလှူခွင့်မရခဲ့ဘူး။ ပြီးတော့ ကိုယ်လှူမယ့် သွေးကို တခါတည်းစောင့်ယူတဲ့ သူ(လူနာ) မရှိတဲ့အခါမှာ သွေးလှူတဲ့ အခါမှာလုပ်တဲ့ လိုအပ်တဲ့ ဆေးစစ်ချက် အဖိုးအခကို သွေးလှူတဲ့ သူက ပေးရတဲ့ ဆေးရုံ တွေ ရှိပါတယ်။ အခြားအခက်အခဲတော့မရှိပါဘူး ။ နောက် ၁၈ရက်နေ့ လောက်မှာ လှူ တဲ့ လူငယ်အုပ်စုတွေ အနေနဲ့ တော့ ဘာလို့ လာလှူတာလဲ ၊ ဘယ်သူ့ အတွက်လာလှူတာလဲ လို့ မေးခွန်းအထုတ်ခံခဲ့ရပေမယ့် လှူခွင့်တော့ရခဲ့ပါတယ်”။ ဟု သွေးလှူရှင်တစ်ဦးဖြစ်သူ အင်းစိန်မြို့ နယ် မှ ကို မင်းထက်နိုင်က ပြောပြခဲ့ပါတယ်။

အခုလိုသွေးလှူဒါန်းခဲ့တဲ့ လူငယ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် တို့ နဲ့ အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ ဦးဆောင်မှုကို ထောက်ခံကြောင်းနဲ့  တွေ့ ဆုံဆွေးနွေးရေးသာ လျှင် မြန်မာနိုင်ငံ၏ ပြသနာအရပ်ရပ်ကိုဖြေရှင်းပေးနိုင်သည့် တစ်ခုတည်းသောလမ်းကြောင်းဖြစ်သည် ဟု အခိုင်အမာပြောဆိုသွားကြောင်းသိရပါသည်။

0 comments: