Sunday, April 18, 2010

NLD ဘာဆက်လုပ်မှာလဲ





                           "NLD ဘာဆက်လုပ်မှာလဲ"

       အန်အယ်လ်ဒီပါတီက နိုင်ငံရေးပါတီမှတ်ပုံမတင်တော့ဘူးဆိုရင် ဘာဆက်လုပ်ကြမလဲဆိုတာမေးနေကြပါတယ်။အန်အယ်လ်ဒီမှာမှတ်ပုံ မတင်တာကိုထောက်ခံကြတဲ့ အခြေခံ အန်အယ်လ်ဒီတွေအတွက်နိုင်ငံ ရေးလုပ်ငန်းနဲ့ အနီးစပ်ဆုံး လုပ်ငန်းစဉ်တစ်ခုကိုရွေးချယ်ချပြထားဖို့  လိုပါလိမ့်မယ်။အန်အယ်လ်ဒီပါတီက ယခင်ကလိုအထက်အောက် ဆက်ဆံရေးပုံစံအစား၊ အလျားလိုက်ဆက်ဆံရေးပုံစံသွားမှာဖြစ်တယ် လို့ ဆိုတာကြောင့်ကျယ်ပြန့် တဲ့ structureဖြစ်ပေါ်လာပါလိမ့်မယ်။

       အန်အယ်လ်ဒီအနေနဲ့ လူမူရေးအသင်းအန်ဂျီအိုကဲ့သို့ အလုပ်ပုံ စံမျိုးထက်၊ နိုင်ငံရေးလုပ်ရှားနိုင်မှု့  "ဂွင်"နဲ့ နီးစပ်တဲ့ လူ့ အခွင့်အရေး ကွန်ယက်တစ်ခု ထူထောင်သွားရမှာဖြစ်ပါတယ်။ လူ့ အခွင့်အရေး ဆောင်ရွက်ရာမှာလဲ လူ့ အခွင့်အရေးစောင့်ကြည့်လေ့လာရေး၊ လူ့  အခွင့်အရေးကာကွယ်မြှင့်တင်ရေးနှင့်လူ့ အခွင့်အရေးလှုပ်ရှားမှု ဆိုတာတွေကို ဂွင်းဆက်မိမိ ချိတ်တွဲလုပ်သွားနိုင်ပါတယ်။ ဒါဟာ တချိန်မှာလူထုလှုပ်ရှားမူ့ ပုံသဏ္ဌန်ဖော်ဆောင်ပေါ်ပေါက်လာနိုင်မယ် လို့ ယုံကြည်တယ်။ မြန်မာနိုင်ငံမှာ မြို့ ပြတွေမှာ လူ့ အခွင့်အရေးချိုး ဖောက်ခံရမူ့ နည်းပေမယ့်။ကျေးလက်တွေမှာတော့ ချိုးဖောက်ခံရမှူ့ဆို တာအများကြီးရှိနေပါတယ်။အာဏာပိုင်တွေ ရဲ့ မတရားပြုကျင့်မှု၊ မတ ရားငွေကောက်ခံမှု၊ ဖမ်းဆီးချုပ်နှောင်မှုတွေကိုဘယ်လိုစောင့်ကြည့်ပြီး

ဘယ်လိုကာကွယ်ပေးမလဲဆိုတာပါပဲ။

       လူ့ အခွင့်အရေးပညာပေးရေးလုပ်ငန်းတွေကိုလည်း၊ ကမ္ဘာ့ကုလ သမဂ္ဂလူ့ အခွင့်အရေးကောင်စီနှင့်ချိတ်ဆက်လို့ လိုအပ်တဲ့ဖြေရှင်းမှု တွေ၊ အစီရင်ခံစာတွေကိုတင်သွင်းနိုင်ခြင်းအားဖြင့်အစိုးရရဲ့  အတိုက် အခံအင်အားစုအဖြစ်၊ ပုံဖော်သွားနိုင်ပြီး၊ လူထုကိုစည်းရုံးထားပြီးသား ဖြစ်သွားပါလိမ့်မယ်။

       ဒီတော့အန်အယ်လ်ဒီရဲ့ အနှစ်သာရနဲ့ လူ့ အခွင့်အရေးကွန်ယက် စသဖြင့်ကြိုက်တဲ့အမည်ကို စဉ်းစားပြီး၊ ဖြစ်မြောက်ရေးကော်မတီကို ယာယီဖွဲ့ လို့ ဗဟိုချက်မအဖြစ်ထားကာအသင်းအဖွဲ့ ပုံသဏ္ဌန်တရား ၀င်ဖြစ်စေရန် (၂)လအတွင်းပြည်ထဲရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ရ မှာဖြစ်ပါတယ်။

       ခွင့်ပြုပါ့မလားဆိုတာ သံသယမဖြစ်စေချင်ဘူး။လွန်ခဲ့တဲ့ ၃နှစ် ကျော်လောက်ကလူ့ အခွင့်ရေးဆိုင်ရာရုံးဖွင့်ဖို့  မြန်မာနိုင်ငံကို ကမ်း လှမ်းခဲ့ရာမှာမလိုအပ်သေးဘူးလို့ အကြောင်းပြန်ခဲ့သော်လည်း၊ ပြည်တွင်းမှာတော့ လူ့ အခွင့်အရေးကော်မတီဖွဲ့ ပြီး၊ ပြည်ထဲရေးဝန်ကြီး က ဥက္ကဌအနေနဲ့ လုပ်နေတယ်။ ခက်တာက ညှင်းပမ်းနှိပ်စက်ဖမ်းဆီး ချုပ်နှောင်ခွင့်ရှိသူကို လူ့  အခွင့်အရေးကိစ္စဆောင်ရွက်ဖို့ တာဝန်ပေး ထားတယ်ဆိုတာကိုပဲ ကြည့်ပေတော့။ ယခု ၇.၄.၂၀၁၀ရက်နေ့ ကြေး မုံသတင်းစာမှာ "မြန်မာနိုင်ငံလူ့ အခွင့်အရေးအစီရင်ခံစာပြုစုရေးအ တွက် အဖွဲ့ အစည်းများနှင့်ဆက်ဆံရေးအဖွဲ့ နှင့်အစိုးရမဟုတ်သော အဖွဲ့ အစည်းများတွေ့ ဆုံညှိုနှိုင်းဆွေးနွေး" ဆိုရာမှာအဖွဲ့ အစည်းများ နှင့် ဆက်ဆံရေးအဖွဲ့ ဥက္ကဌသံအမတ်ကြီးဦးကျော်တင့်ဆွေ(အငြိမ်း စား) အဖွင့်အမှာစကားပြောကြားသွားပါတယ်။ မြန်မာနိုင်ငံတွင်အစိုး ရမဟုတ်သောအဖွဲ့ အစည်းများအနေဖြင့်လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံပြည်သူများဧ။်လူ့ အခွင့်အရေးခံစား နိုင်ရန် အတွက်အပြုသဘောလုပ်ဆောင်မှုများ၊ အောင်မြင်မှုများ၊ မည်သို့ ဆောင်ရွက်နိုင်ခဲ့သည်ကို အစိုးရမဟုတ်သောအဖွဲ့ အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့ အစည်းများထံမှ အချက်အလက် များရယူနိုင်ရန်အစည်းအဝေးကျင်းပရကြောင်း ဟုပြောပါတယ်။ အဲဒါ ကတော့၂၀၁၁ခုဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံလူ့ အခွင့်အရေးအစီရင် ခံစာကို ဂျနီဗာမြို့ ရှိ ကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီသို့ တင်သွင်း ရန်ပြုစုရေးလုပ်ဆောင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြုလုပ်သွားခဲ့ခြင်း ဖြစ်ပါတယ်။

       အစိုးရဘက်ကမြန်မာနိုင်ငံမှာ လူ့ အခွင့်အရေးချိုးဖောက်မှု အကြီးအကျယ်မရှိကြောင်း၊ အချို့နေရာများမှာအနည်းငယ်ရှိကောင်း ရှိနိုင်သော်လည်း၊ အခြားတိုင်းပြည်များနှင့်စာလျှင်ပြောပလောက် အောင်မရှိကြောင်းလိမ်ညာမယ့်အစီရင်ခံစာကိုတင်သွင်းဖို့ စိုင်းပြင်းနေ တာပါပဲ။ဒါကြောင့်နိုင်ငံရေးရဲ့ အနှစ်သာရရည်မှန်းချက်ကိုနိုင်ငံရေးပါတီ အနေနှင့်လုပ်လို့ မရခင်မှာအစိုးရအုပ်ချုပ်ရေးရဲ့ လူ့ အခွင့်အရေးချိုး ဖောက်မှုတွေ ဖော်ထုတ်၊ အကာအကွယ်ပေးမှုတွေကိုဥပဒေကြောင်း အရဆောင်ရွက်၊ အပြည်ပြည်ဆိုင်ရာလူ့ အခွင့်ရေးကြေညာစာတမ်း ကို လက်ကိုင်ထားဖြန့် ဝေပြီးလူထုနိုးကြားတက်ကြွလာမှုကို အန်အယ်လ် ဒီက ပုံသဏ္ဌန်တစ်ခုနဲ့ ဆက်လက်ရပ်တည်သွားမယ်လို့ ကြေညာလိုက် နိုင်ရင်အကောင်းဆုံးပါပဲ။အထက်ဗမာပြည်၊ အောက်ဗမာပြည်ရုံးခွဲနှစ် ခုကို ထူထောင်လုပ်သွားသင့်ပါတယ်။

       လူထုအတွက်ဆက်လက်ရပ်တည်သွားမယ့် အန်အယ်လ်ဒီဖြစ်တဲ့ အတွက်အစိုးရက ခွင့်မပြုနိုင်ဘူးဆိုရင်နိုင်ငံတကာပြစ်တင်ဝေဖန်မှု၊ စိန်ခေါ်မှုတွေနဲ့  ရင်ဆိုင်ရမယ့်အပြင်လူထုကို လမ်းဖွင့်ပြပေးသွားနိုင် လိမ့်မယ်လို့ ယုံကြည်ကြောင်းရေးသားလိုက်ရပါတယ်။

 

                                                                                                                                    (ဖိုးအောင်သိန်း)


0 comments: