ကျနော်တို့ မမွေးခင်-၁၉၅၈-ခုနှစ်ဖ-ဆ-ပ-လကြီးကွဲတုန်းက၊အဖွဲ
့ချုပ်ကြီးသန့် ရှင်းဖို့လိုသည် ဟုခံယူသော-နုတင်နှင့်၊ဘာဘဲဖြစ်ဖြစ်အဖွဲ
့ချုပ်ကြီးတည်မြဲရေးသည်အရေးကြီးဆုံး ဟုခံယူ သော ဆွေငြိမ်းအုပ်စုများ
အာဏာပြိုင်ကြတာဖြစ်သည်ဟုလေ့လာမှတ်သားခဲ့ရပါသည်။
အခုလဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကြီးတွင်၊အဖွဲ့ ချုပ်၏
လိပ်ပြာ၊သိက္ခာ၊သန့် ရှင်း ဖို့ ကအဓိကဟူသော အယူအဆနှင့်အဖွဲ
့ချုပ်တည်မြဲဖို့ အရေးကြီးသည်ဟူသောအယူအဆ၊
နှစ်မျိုးကွဲနေတာကိုမြင်နေကြားနေရပါသည်။ ထူးဆန်းစွာတိုက်ဆိုင်နေသည်က
တည်မြဲဘို့ လို သည်ဟုယူဆသူများကို ခေါင်းဆောင်သူများကလည်း ဆွေငြိမ်း
ဖြစ်နေခြင်းဖြစ်ပါသည်။
စစ်အစိုးရက၊ ပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊
ရွေးကောက်ပွဲဥပဒေများကိုထုတ်လိုက် သောအခါ၊ မထင်ခဲ့တာတွေ
ဖြစ်လာပါသည်။ရွှေဂုံတိုင်ကြေညာစာတမ်းတုန်းက၊ ဥပဒေတွေ
ထွက်လာရင်၊ရွေးကောက်ပွဲဝင်မ၀င်စဉ်းစားမည်ဟုဆိုခဲ့သည်။
အခုမှတ်ပုံတင်ခြင်းဥပဒေတ ကယ်ထွက်လာတော့ ပါတီဆက်ရှိမည်မရှိမည်ကိုပင်
မစဉ်းစားဘဲမရ စဉ်းစားရပါပြီ။ ဥပဒေ တွေ နည်းဥပဒေတွေ
အရပါတီဆက်ပြီးရပ်တည်လိုလျှင်ထောင်ဒဏ်ကျခံနေရသောဒေါ်အောင်
ဆန်းစုကြည်ကိုထုတ်ပစ်ရမည်၊ ပြီးတော့မှတ်ပုံတင်ခွင့်လျှောက်ထားသူ (၁၅)
ဦးလုံးက၊ တစ်ဦး ချင်း၂၀၀၈ဖွဲ
့စည်းပုံအခြေခံဥပဒေကိုထိန်းသိမ်းစောင့်ရှောက်ပါမည်ဟု ၀န်ခံကတိလက်မှတ်
ရေးထိုးရဦးမည်။ ထို့ ပြင်ရွေးကောက်ပွဲတွင် အနည်းဆုံး အမတ်နေရာ (၃)နေရာ
မ၀င်မဖြစ် ၀င်ရဦးမည်။ ဒါတွေကိုကလေးကအစအားလုံးသိကြပါသည်။
ဒေါ်အောင်ဆန်းစုကြည်ဧ။်သဘောထားကလည်းရှင်းပါသည်။ဤဥပဒေသည် ဥပဒေအ
င်္ဂါရပ်နှင့်မညီပါ၊မတရားပါ၊ထို့ ကြောင့်ကန့် ကွက်ပါမည်။ ထိုကိစ္စများပြီးမှ
ပါတီမှတ်ပုံတင်ဖို့ စဉ်း စားတာပေါ့ဟူ၍ဖြစ်ပါသည်။ ဆိုလိုသည်ကတော့
ဆက်လက်တိုက်သွားမည်။ ထိုကာလအ တွင်းမှတ်ပုံမတင်လိုက်ရလို့ အဖွဲ
့ချုပ်အလိုအလျောက်ပျက်ချင်လဲပျက်ပါစေဟုဆိုလိုပါသည်။ အဖွဲ့ ဝင်ထု၏
ဆုံးဖြတ်ချက်ကိုလိုက်နာပါမည်ဟုဆိုခြင်းမှာလဲ ဒီမိုကရေစီခေါင်းဆောင်တစ်ဦး
၏ရှိနေကြသဘောထားကိုဖော်ပြခြင်းသာဖြစ်ပါသည်။ အဖွဲ့ ဝင်ထုက သူ
့ကိုဘေးခနဖယ်ထား ပြီးရွေးကောက်ပွဲဝင်မည်ဟုဆုံးဖြတ်မှတော့၊ ထိုအဖွဲ
့အစည်းအတွင်းတည်းမှာတွယ်ကပ်နေပါရ စေဆိုလျှင်ခေါင်းဆောင်ပီသပါ့မလား။
တည်မြဲအုပ်စုကတော့ဒီလိုမစဉ်းစားပါ။ကောက်ကွေးသောယုတ္တိကိုသုံးထားပါသည်။
ဒေါ်အောင်ဆန်းစုကြည်တရားဥပဒေအတိုင်းဆက်လက်တိုက်ပွဲဝင်ဘို့ ၊ တရားဝင်အ
ဖွဲ့ အစည်းလိုသည်။အဖွဲ့ အစည်းကိုတရားဝင်မှတ်ပုံတင်ဘို
့ဒေါ်အောင်ဆန်းစုကြည်ကိုအဖွဲ့  ထဲကထုတ်သင့်လျှင်ထုတ်ရမည်တဲ့။
မှတ်ပုံတင်ဘို ၊့၁၉၉၃ခုနှစ်ကတည်းကလက်မခံနိုင်ပါ
ဟုဆိုခဲ့သော၊အခုလည်းလက်မခံဟုကန့် ကွက်ထားသော ၂၀၀၈ အခြေခံဥပဒေကို
'ထိန်းသိမ်းစောင့်ရှောက်' ပါမည်ဟုဝန်ခံလက်မှတ်ထိုးမည်၊ထိန်းသိမ်းစောင့်
ရှောက်ခြင်း သည် လက်ခံခြင်း၊ လိုက်နာခြင်းမဟုတ်ပါတဲ့။ ဘယ်လိုစဉ်း စားကြ
သလဲ မသိပါ။ နောက်ပြီးဆိုပါ သေးသည်၊ နှစ်နှစ်ဆယ်ကျော်လုံးလုံးစွန်
့လွှတ်အနစ်နာခံပြီး အ ဖွဲ့ ချုပ်
အတွက်လုပ်ကိုင် ခဲ့ကြသူများအတွက်အဖွဲ့ ဆက်ရှိရမည်တဲ့။ ထိုအဖွဲ
့ဝင်များထဲက ဘယ်သူတွေကများ၊ ဒေါ်အောင်ဆန်းစုကြည်ကိုထုတ်ပစ်ပါလို
့တောင်းဆိုဘူးခဲ့ပါသလဲ။
ခေါင်းဆောင်တစ်ယောက်ကဆိုပြန်ပါသည်။ ၁၉၉၁ခုနှစ်တုန်းကလဲ ဒေါ်အောင်ဆန်း
စုကြည်ကိုအဖွဲ့ ချုပ်တည်မြဲရေးအတွက်ထုတ်ပစ်ခဲ့ဘူးပါသည်။
၁၉၉၅ခုနှစ်ပြန်လွတ်တော့ လည်းခေါင်းဆောင်မှုပြန်ရတာပါပဲတဲ့။ ဟုတ်ပါသည်၊
ထိုစဉ်ကထုတ်ပစ်တုန်းက အခြေအနေ ကတစ်မျိုးပါ။ ရွေးကောက်ပွဲပြီးလို
့တနှစ်သာရှိသေးသည်။ရလာဒ်က ပူပူနွေးနွေး၊ ဘာဖြစ်မည် လဲ မသိသေး၊ အဖွဲ
့ချုပ်ကိုအဖျက်ခံရခြင်းသည်၊ ရွေးကောက်ပွဲရလာဒ်ကိုဖျက်သည်နှင့်အ
တူတူဖြစ်နေသည်။ ပြီးတော့ အဖွဲ့ ချုပ်အဖွဲ့ ဝင်များသည် နောက်ထပ်အဖွဲ
့စည်းတစ်ခုကို ဖွဲ့ ဖို့  နေနေသာသာ
ရှိသည့်ပါတီတွေကိုအတင်းဖျက်ပစ်နေသည့်အချိန်ဖြစ်သည်။ ထိုအချက်များ
အားလုံးကိုချိန်ဆပြီး ဦးတင်ဦး၊
ဦးဝင်းတင်စသည့်ခေါင်းဆောင်များနှင့်အတူဒေါ်အောင်ဆန်းစု
ကြည်ကိုပါထုတ်လိုက်ရသည်။
ခုအခြေအနေက လုံးဝခြားနားနေသည်။ ရွေးကောက်ပွဲပြီးတာအနှစ်နှစ်ဆယ်ရှိတော့
မည်။ ရွေးကောက်ပွဲရလာဒ်ကိုပူပူနွေးနွေးဖျက်ပစ်လိုက်ပြီးပြီ။
ပြီးတော့၊ထို'ပြီးတော့'နောက်တစ် ခု သည်အရေးကြီးပါသည်။
ပြီးတော့အခုအချိန်တွင်အဖွဲ့ချုပ်ကိုအစိုးရကဖျက်သိမ်းလိုက်ပါက လည်း
အဖွဲ့ဝင်များသည် မိမိကြိုက်ရာပါတီဖွဲ့ ရန် အချိန်ရှိ သေးသည်။
ထို့ ကြောင့် တရားဝင်ရပ်တည်မှုကိုလိုချင်ပါသည်ဟုဆိုသူများအားတောင်းပန်ပါရစေ
အဖွဲ့ ချုပ်တွင်းက၊ ကိုယ့်ဘာသာကိုယ် ကိုယ့်ဆန္ဒနှင့်နုတ်ထွက်လိုက်ပြီး၊
တူရာတူရာ၊ သန်ရာ သန်ရာပူးပေါင်းပြီး
ကိုယ့်ပါတီကိုယ်ထောင်ကြပါ။ပြီးတော့ပါတီနာမည်ကိုအမျိုးသားဒီမိုကရေစီ အဖွဲ
့ချုပ်-လက်သစ်၊တို့ ဘာတို့ ခပ်ဆင်ဆင်တပ်ပြီးရွေးကောက်ပွဲဝင်ရင်လဲဝင်ပါ။
မြန်မာပြည် မှာရှိနေတဲ့ သံရုံးဝန်ထမ်းတွေကလည်းထောက်ခံကြပါလိမ့်မယ်။
စစ်အစိုးရကလည်းခွင့်ပြုမှာ ပါ။ ကူတောင်ကူညီလိမ့်ဦးမည်။ကျန်ခဲ့တဲ့ အဖွဲ
့ချုပ်အစစ်ကိုမဝေဖန်ပဲနေမယ်ဆိုရင် ကွဲတယ်ပြဲ
တယ်ဆိုတဲ့ပြသနာကိုတစ်စိတ်တစ်ပိုင်းကွာကွယ်နိုင်ပါလိမ့်မည်။
ပြည်သူကိုတော့လှည့်ဖြားလို့  ရမှာမဟုတ်ပါ။သို
့သော်သမိုင်းမှာတော့ဂိုဏ်းခွဲသူ၊ သင်းခွဲသူများလို့ တွင်မှာမဟုတ်ဘူးလို
့ထင် ပါသည်။
ဖ-ဆ-ပ-လကြီးကွဲခဲ့၍ ဦးနေ၀င်းနှင့်စစ်ဗိုလ်များက အာဏာအရသာတွေ
့ခဲ့ကြရသည်။ နောက်တော့ရာစုနှစ်တ၀က်ကျော်နိုင်ငံဒုက္ခရောက်ရသည်။အခု NLD
ကွဲလျှင်တော့ဘယ်တော့ မှ စစ်ကျွန်ဘ၀က လွတ်မည်ကိုမသိနိုင်တော့ပါ။
အဖွဲ့ ချုပ်ဧ။်သမိုင်း သန့် ရှင်းစွာကျန်ရစ်ပါစေ
စေတနာဖြင့်
ရန်ငြိမ်းအောင်(လူငယ်)
0 comments:
Post a Comment