Wednesday, March 17, 2010

တရားဥပဒေ စိုးမိုးရေး

၂၀၀၀ပြည့်နှစ် တရားစီရင်ရေး ဥပဒေတွင် တရားစီရင်ရေးဆိုင်ရာ မူများကို အပိုဒ် ၂ ၌

အချက် (၇)ချက်ဖြင့်ပြဌာန်းထားပါသည်။ ၄င်းမူများအနက်အပိုဒ် (င)တွင် “ဥပဒေအရတားမြစ်ချက်မှ

အပ ပြည်သူရှေ့မှောက်တွင် တရားစီရင်ခြင်း “ ဟုပြဌာန်းထားပါသည်။ အများပြည်သူရှေ့မှောက်တွင်

တရားစီရင်မူမပြုခြင်းသည် တရားစီရင်ရေးမူနှင့်ဆန့်ကျင့်ပါသည်။ တရားဥပဒေနှင့်မညီညွတ်သော

တရားစစ်ဆေးသူများသာ ဖြစ်ပါမည်။

ယခုနှစ်ပိုင်းများအတွင်း အင်းစိန်ထောင်ဝင်းအတွင်း ရုံးထိုင်စစ်ဆေးသော နိုင်ငံရေး

နှင့်ဆက်နွယ်သည့် အမူများအပါအ၀င် အမူတိုင်းကို ကြားနာရာ၌မည်သူမျှ ကြားနာစစ်ဆေးသည့်

တရားခွင်ရှေ့သိုဝင်ရောက် နားထောင်ခွင့်မရှိပါ။ စွပ်စွဲခံရသူဧ။် မိသားစုဝင်များကိုယ်တိုင်ပင် ၀င်ရောက်

နားထောင်ခွင့်မရှိပါ။ တရားရုံးအတွင်း လုံခြုံရေးဝန်ထမ်းများအမြောက်အမြား ရောက်ရှိနေရာယူထား

သည်ကိုတွေ့မြင်နိုင်ပါသည်။ မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား ကိုညီညီအောင်အပေါ် စွဲဆိုခဲ့သော

ပြစ်မူကြီးအမူ (၃)မူ စလုံးတွင် အမူစတင်စစ်ဆေးစဉ်မှ အမူပြီးဆုံးသည်အထိ ကိုညီညီအောင်ဧ။် မိသား

စုဝင်အဒေါ်များသည် တရားရုံးအနီးသို့ သွားရောက်ခွင့်မရှိခဲ့ကြပါ။ ထိုသို့ဆောင်ရွက်နေခြင်းမှာ

၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေ အခန်း (၂) အပိုဒ် ၂ (င) ပါ ပြဌာန်းချက်နှင့် ဆန့်ကျင်ဆောင်

ရွက်နေခြင်း ဖြစ်ပါသည်။

ထို့အပြင်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် - ၁၀ နှင့်

အပိုဒ်- ၁၁တို့တွင်ပါရှိ့သည့် လူအများရှေ့မှောက်၌ စစ်ဆေးကြားနာရန်ဆိုသည့် အချက်နှင့်လည်း

ဆန့်ကျင်ကွဲလွဲပြီးဆောင်ရွက်နေခြင်းဖြစ်သည်ကိုတွေ့ရှိရပါသည်။

နိုင်ငံရေးနှင့်ဆက်နွယ်ပြီး ဖမ်းဆီးခံရသူများသည် သက်ဆိုင်ရာ ရဲတပဖွဲ့ သို့

လွဲပြောင်းမပေးမီ မည်သည့်တရားရုံးဧ။် ခွင့်ပြုမိန့်မျှ မပါရှိဘဲ ဖမ်းဆီးထားခြင်းကိုလည်း ခံကြရပါသည်။

တချို့လူများသည် လပေါင်းများစွာကြာအောင် ဖမ်းဆီးချုပ်နှောင်ခြင်းခကြရပါသည်။ သက်ဆိုင်ရာ အာ

ဏာပိုင်တို့က ထိုသို့ဖမ်းဆီးထားခြင်းခံ ရသည့်ကာလကို စစ်ကြောရေးကာလ အဖြစ် ပြောဆိုသုံးနူန်း

လေ့ရှိပါသည်။ ထိုစစ်ကြောရေးကာလကို သက်ဆိုင်ရာ တရားရုံးသို့တင် ပြခြင်း မရှိပါ။ ထိုသို့ ဆောင်

ရွက်သည့်အတွက် အမူတွင် ချုပ်ရပ်များအဖြစ်သတ်မှတ်ခြင်း မခံရပါ။ စစ်ကြောရေးကာလအဖြစ်

ဖမ်းဆီးချုပ်နှောင်ခွင့်ကို မည်သည့် ဥပဒေတွင်မှ ခွင့်ပြုထားခြင်း မရှိသဖြင့် အမူသည်များသည် ဥပဒေမဲ့

ဖမ်းဆီးချုပ်နျောင်ထားသည်ကို တရားရုံးသို့ တင်ပြရာတွင်လည်း တရားရုံးက မသိကျေးကျွန် ပြုနေပြီ

မိမိနှင့်မဆိုင်သကဲ့သို့ လျစ်လျူရူထားပါသည်။ တရားရုံးသည် မိမိရှေ့သို့ ရောက်ရှိနေသော ဥပဒေ

ပြသာနာတိုင်းကို ဥပဒေနှင့်အသီ ဖြစ်စေရေးအတွက် ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်းမှာ မည်သူ

မှ မငြင်းနိုင်သည့် ပြသာနာဖြစ်ပါသည်၊၊

တရားဥပဒေစိုးမိုးရေးအတွက် လူတိုင်းလူတိုင်း မိမိရရှိထားသည့် တရားဥပဒေ အခွင့်

အရေး များကိုတင်ပြတောင်းဆိုနေကြရပါမည်ဖြစ်ပါသည်။

0 comments: