စပေ့စ်သို့ မဟုတ်ခွင်ဟူသောစကားလုံးသည်ယခုအခါ တွင်ကျယ်လာပါသည်။ ၂၀၁၀ရွေး ကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအပြီးတွင်၊ ၂၀၀၈ဖွဲ့ စည်းပုံအရ၊ နိုင်ငံရေးလှုပ်ရှားမှုများကို လွတ်လွတ်လပ်လပ်လုပ်ခွင့်ရှိလာလိမ့်မည်သို့မဟုတ်နိုင်ငံရေးခွင်ကျယ်လာလိမ့်မည်။ အဲဒီ့တော့မှ ဒီမိုကရေစီအစစ်ရအောင်ဆက်ပြီးရုန်းကန်ကြတာပေါ့ဟူသော အယူအဆသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပြင်ပမှာခေတ်စားနေသည်မှာဘာမှမဆန်းပါ။ အဖွဲ့ ချုပ်အထဲ တွင်ဤစကားကိုရေးကြီးခွင်ကျယ်လုပ်ပြီး၊ ပြောနေသူများကိုတော့မှတ်ညဏ်သက်တမ်းတိုသူ များဟုသတ်မှတ်ရလိမ့်မည်။
၁၉၉၅ခုနှစ်ဒေါ်အောင်ဆန်းစုကြည်ပြန်မလွှတ်လာမီကတည်းကပင်အမျိုးသားညီလာခံတက် နေကြသည့်အဖွဲ့ ချုပ်ကိုယ်စားလှယ်အချို့ တွင် ဤအယူအဆ ရောက်နေခဲ့ပြီ၊ ဂျီဆဲဗင်းဟုခေါ် ခဲ့သည့်အုပ်စု၏ အခြေခံအယူအဆမှာဒါပဲဖြစ်သည်။ ထိုကမှတဆင့်တဖြည်းဖြည်းနှင့်အဖွဲ့ချုပ် ကထုတ်ပစ်ရပြီး။ အဖွဲ့ ချုပ်ကိုဆန့် ကျင်သူများဖြစ်သွားခဲ့ကြသည်။သည်တော့ အဖွဲ့ ချုပ်သည် ပြောနေကြသည့် နိုင်ငံရေးခွင်(political space)ဆိုတာကိုမဟာဗျူဟာအရရော၊ နည်းဗျူဟာ အဖြစ်ပါပယ်ချခဲ့သည်မှာ ၁၅နှစ်လောက်ရှိနေခဲ့ပါပြီ။ အဖွဲ့ ချုပ်တည်ထောင်ချိန်ကတည်းက ချခဲ့သည့် မူဝါဒများနှင့် မကိုက်ညီသောကြောင့် လက်မခံနိုင်ခြင်းဟုအကြောင်းပြခဲ့သော်လည်း သဘောတရား(ideology)သက်သက်ကြောင့်သာမဟုတ်ပါ။လက်တွေ့ ဖြစ်ရပ်များကိုပါထည့်၍ စဉ်းစားကြည့်နိုင်ပါသည်။
၁၉၇၄အခြေခံဥပဒေတွင်တပ်မတော်ဦးဆောင်မှုဆိုသောစကားတလုံးမှမပါပါ။မ-ဆ-လ ပါတီ ဧ။်ဖွဲ့ စည်းပုံစည်းမျဉ်းမှာလည်းစစ်မှုထမ်းဖူးမှစီအီးစီဖြစ်ရမည်ဟုမပါပါ။ သို့ သော် မ-ဆ-လပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ ဝင်အားလုံးသည် စစ်ဗိုလ်ဟောင်း၊ စစ်ဗိုလ်လက်ရှိတွေ ချည်းဖြစ်သည့်အပြင်ပြည်သူ့ လွှတ်တော်ကောင်စီအဆင့်ဆင့်တွင်စစ်ဗိုလ်နှင့် စစ်ဗိုလ်လူထွက် တွေက အများစုဖြစ်ခဲ့ပါသည်။ ကောင်စီအဆင့်ဆင့်တွင်ပါနေသည့်အရပ်သားအားလုံးတို့  သည် ဘယ်လိုသဘောထားခံယူချက်တွေရှိရှိနောက်ဆုံးတော့စစ်တပ်ခိုင်းတာလုပ်ရသည့် အခြေအနေကိုရောက်ခဲ့ရပါသည်။ထိုသို့ ဖြစ်ခဲ့ပြီးမှ လွှတ်တော်အရပ်ရပ်တွင် ၂၅%ယူမည် စစ်ရေးအမြင်ရှိမှ သမ္မတလုပ်ရမည်၊ အရေးကြီးသည့်ဝန်ကြီးများအားလုံးကိုတပ်ချုပ်ကခန့် မည် စသည်ဖြင့်ဗြောင်ရေးထားသည့်၂၀၀၈ဖွဲ့ စည်းပုံဥပဒေအောက်မှာ ရွေးကောက်ခံထားသည့်အ မတ်များသည်လွှတ်တော်အဆင့်ဆင့်တွင်လွတ်လပ်စွာလှုပ်ရှားခွင့်ရမည်ဟု မျှော်လင့်သူများ သည်အကောင်းမြင်လွန်နေပြီဟုသာယဉ်ယဉ်ကျေးကျေးခေါ်ရပါမည်။
အချို့ ကဆိုကြပါသည်။ ၂၀၀၈အခြေခံဥပဒေတွင်ပြဌာန်းထားသည့်နိုင်ငံသားများဧ။်ရပိုင်ခွင့် များကိုအကာအကွယ်ပေးနိုင်ဖို့ လွှတ်တော်များတွင်ဒီမိုကရေစီဘက်တော်သားများရှိရန်လို သည်။ထို့ ကြောင့်ရွေးကောက်ပွဲဝင်ရမည်ဟုလည်းကောင်းအစိုးရအပြင်ကစပေ့စ်ကိုကာကွယ် ဖို့ အတွင်း ကို ၀င်ပြီးအပေးအယူလုပ်ပူးပေါင်းဆောင်ရွက် ရမည်ဟုလည်းကောင်းစသည်ဖြင့်၊ ဤဆင်ခြေများသည်လည်း ခေတ်သစ်သမိုင်းအရကြည့်လျှင်လက်ခံစရာမရှိပါ။ ၁၉၆၂ခုနှစ်အာ ဏာသိမ်းပြီးကတည်းက စစ်တပ်သည် စေတနာမှန်အခြေခံပြီးဘယ်သူနှင့်ဘယ်လောက်အ ပေးအယူအလျော့အတင်း လုပ်ခဲပါသနည်း။သူတို့ နှင့်ပူးပေါင်းခဲ့သည့် ကျောင်းသားခေါင်း ဆောင်ဦးခင်မောင်အုန်း၊ဦးလှဝင်း တို့ မှစ၍ ပ-မ-ည-တများ၊ ဖ-ဆ-ပ-လများအလယ် စောဟန်တာသာမွှေးအဆုံး၊ဘယ်သူက ပြည်သူလူထု၏စပေ့စ်ကိုကျယ်အောင်လုပ်နိုင်ခဲ့ပါ သနည်း။ဝန်ထမ်းဘ၀မှာဝင်ပြီးတဖြည်းဖြည်း ကျဉ်းလာသောစပေ့စ်(space)အားကြံ့ ကြံ့  ခံတွန်းလှန်ခဲ့သောဦးခင်မောင်လတ်၊ဒေါ်ခင်မျိုး ချစ်၊ဦးဝင်းတင်တို့ ဘာဖြစ်သွားကြသနည်း။ ၁၉၆၂အာဏာသိမ်းချိန်က ဤဒေသတွင်လွတ်လပ် မှုအရှိဆုံးနိုင်ငံတစ်ခုဘ၀မှယခုအခြေအ နေသို့ ရောက်လာရခြင်းသည်ပြည်သူလူထုကငုပ်တုတ်၊ငုံ့ ခံနေ၍ဖြစ်ရခြင်းမဟုတ်ပါ။ မ-ဆ-လခေတ်တလျှောက်လုံးယုံကြည်ရာကိုလုပ် ခဲ့၍ ထောင်ကျခံ၊အသတ်ခံ၊အသေခံသူများ၏ သတ္တိသည်ယခုလှုပ်ရှားနေသူများထက်မညံ့ပါ။
ယခုစပေ့စ်(space)အကြောင်းပြောနေသူများထဲတွင်ထိုခေတ်က ရုန်းကန်လှုပ်ရှားခဲ့ကြသူများ အများကြီးပါပါသည်။ထို့ ကြောင့်ခွင်(space)အကြောင်းပြောသူတိုင်းကိုသစ္စာဖောက်သွားသူ များဟုပြော၍မဖြစ်ပါ။မမှတ်သေးဘူးလားဟုလည်းမမေးလိုပါ။သို့ သော်တစ်ခုတော့ပြောချင်ပါ သည်။သူတို့ တတွေမ-ဆ-လအောက်တွင်ရုံးကန်လှုပ်ရှားရင်းသေကြကြေကြတုန်းကနိုင်ငံခြား ကသိဖို့ ဝေးလို့ ဗမာပြည်သူများကပင်ကောင်းကောင်းမသိခဲ့ကြခြင်းမှာ မ-ဆ-လအစိုးရသည် တရားဝင်ရပ်တည်မှု(legitimacy)ကိုတစ်စုံတရာအတိုင်းအတာထိရခဲ့၍ဖြစ်သည်။ အတွင်းက နေပူးသတ်မည်ဟူသောလူများကြောင့် စစ်တပ်က ထိုရပ်တည်မှုကိုရခြင်းဖြစ်သည်ဟုဆိုလျှင် ငြင်းလိမ့်မည်မထင်ပါ။ခုတစ်ခါ ပူးသတ်ဖို့ ကြံလျှင်ဤသမိုင်းသင်ခန်းစာကို သတိရပါဟု တောင်းပန်ပါရစေ။
စပေ့စ်(space)ဆိုသည်မှာ လွှတ်တော်အထဲမှာမှရှိတာမဟုတ်ပါ။အပြင်မှာလည်းရှိပါသည်။ အပြင်ကစပေ့စ်(space)ကိုဘယ်လိုကျယ်အောင်လုပ်မလဲ၊ ဘယ်လိုသုံးမလဲဆိုတာကလဲ အရေးပိုကြီးပါသည်ဟုထင်ပါသည်။ NGOတွေ၊ Civil Societyတွေအကြောင်းပြောနေခြင်း မဟုတ်ပါ။အရင်တုန်းကလည်း စာအုပ်အဟောင်းရောင်းရင်း၊ရှေ့ နေလိုက်ရင်း၊ ကျူရှင်ပေး ရင်း လုပ်ခဲ့ကြတာပဲ ဒီလိုပဲလုပ်ကြတာပေါ့လို့ လဲ ပြောလို့ မရတော့ပါ။နိုင်ငံတွင်းက ရုပ်ပိုင်းဆိုင်ရာ အခြေအနေတို့ သည်သိသိတာတာပြောင်းလဲသွားပြီ၊ ပြည်သူတို့ ၏စိတ်ပိုင်းဆိုင်ရာလဲ တစ်စုံ တစ်ရာအတိုင်းအတာအထိရွှေ့ လာခဲ့ပြီးပြီ၊ ပြည်ပက အခြေအနေတွေသည်လည်းယခင်ကနှင့် လုံးဝမတူတော့ပါ။
ထိုအချက်များကို ထည့်စဉ်းစားပြီးမှ စပေ့စ်အကြောင်းပြောကြပါ။
ရန်ငြိမ်းအောင်(လူငယ်)
Sunday, January 24, 2010
(စပေ့စ်) Space(ဦးကျော်ဝင်း၊ ဦးစူးစမ်း၊သေချာစဉ်းစားပါ။)
Subscribe to:
Post Comments (Atom)
2 comments:
Yes I agree with your article . In previous years I read most of books and articles of U Chan Aye ( Mg Sue Sann). At that time most of his descriptions and his ideas are acceptable and also guide line for thinking. But in these years he have changed in his thinking obliviously and I got no taste in reading in his.
Most of terms of U Kyaw Win are very difficult to understand. Why he could not explain in common words? I don't think using strange and difficult words is wisdom. He is writer but not post modern artist. People need to understand the term to participate in politics.
Post a Comment