မြောက်ဥက္ကလာပမြို့ နယ် ၂ရပ်ကွက်ရှိ ကျုးကျော်နယ်မြေတစ်ခုဖြစ်တဲ့ မုဒိတာလမ်းရှိနေအိမ်များအား ၃၁၊ ဇန်နာဝါရီလ
၂၀၁၀တွင် နောက်ဆုံးထားပြီးဖျက်ရမည်ဟုမြောက်ဥက္ကလာပမြို့ နယ် မြို့ နယ်မှူး ဦးမြင့်မောင် က
ညွှန်ကြားခဲ့ကြောင်းသိရသည်။ ယခုဖြစ်ရပ်မတိုင်မှီ ဇန်န၀ါရီလ ၂၀၁၀ အစောပိုင်းတွင် ရယက နှင့် ရဲများမုဒိ တာလမ်း
သို့ ရောက်ရှိလာပြီး ဒီနေရာတွေ၊ဖျက်သိမ်းပြီး ဘူးသီးတာင်မောင်းတောကိုပြောင်းရွှေ့ ရမယ်။ မဖျက်ချင်တဲ့ သူ လက်မှတ်ထိုးရ
မယ်။
လိုက်မယ်ဆိုရင်ငွေသုံးသိန်းပေးမယ်ဟု ပြောကြားခဲ့ကြောင်းသိ ရသည်။ `
`“ကျနော်တို့ ဘယ်သူမှ မသွားချင်ဘူး၊ ကျနော်တို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေ ရှိတယ်။သူတို့ 
ကျောင်းမပြီးသေးဘူး။ ပြီးတော့ ကျနော်တို့ ဒီမှာလုပ်ကိုင်စားသောက်နေတာ အခြေကျနေပြီ။ ဒီမှာနေတာလဲ
ကြာပြီ၊ဟိုရောက်၇င်ဘာဖြစ်မယ်ဆိုတာမသိဘူး ။ ဘယ်လိုလုပ်ကိုင်စားသောက်ရမှန်းလဲ မသိဘူး။ ပြီးတော့
ဘူးသီးတောင်မောင်းတောက ငှက်ဖျားပေါတယ်လို့ ကျနော်တို့ ကြားတယ် ။ ဒါကြောင့်မသွားချင်ဘူး။ အားလုံး လိုလိုပဲ
လက်မှတ်ထိုးလိုက်ကြတယ်။“ ဟု ထိုလမ်းတွင်နေထိုင်သူ ဦးကြာပန်းက ပြောပြခဲ့သည်။
“ဒါပြီးတော့ငြိမ်သွားတယ် ခုမှ ။ ဟုတ်ကဲ့ ၂၆ရက်နေ့ ကမှ အားလုံးကို ရယက ရုံးကိုဆင့်ခေါ်ပြီး မြို့ နယ်မှူး
ဦးမြင့်မောင်ကိုယ်တိုင်က ၃၁ရက်နောက်ဆုံးထားပြီးဖျက်လို့ ပြောတယ်။ အဲ့လိုသူပြောတော့ တစ်ယောက်က ထမေးတယ်။
ကျနော်တို့ က အခုဘယ်ကိုပြောင်းရမှာလဲ။ ကျနော်တို့ မှာ ကျောင်းသားတွေရှိတယ် လို့ ပြောတယ်။ ဒါကို မြို့ နယ်မှူးက
ကျောင်းသာတွေရှိတာ၊မရှိတာ၊မင်းတို့ ဘယ်ကိုပြောင်းရမယ်ဆိုတာခင်ဗျား တို့ နဲ့ မဆိုင်ဘူး ။ ဒါအထက်က ကိစ္စ
အထက်ကညွှန်ကြားလို့ လုပ်တာ။ လိုက်နာရင်လိုက်နာ မလိုက်နာရင်နာမယ် မှတ်လို့  ပြောပြီးထွက်သွားတာပဲဗျာ။ ကျနော်
တို့ကို ကူမယ့်လူလဲ မရှိပါဘူး ။ သတင်းတွေ ထဲတော့ပါတာပဲ ဒါပေမယ့် ဘာမှလဲ မထူးခြားလာဘူး။”
လို အဲဒီ့လမ်းမှာနေထိုင်ပြီးတော့  ၂၆ရက်နေ့ က မြို့ နယ်မှူးဆင့်ခေါ်ရာ (၂)ရပ်ကွက် ရ.ယ.က ရုံးသို့ သွားရောက်ခဲ့သူတစ်ဦးက
ပြောပြခဲ့ပါသေးတယ်။
မြောက်ဥက္ကလာပမြို့ နယ်(၂)ရပ်ကွက်မှာကျူးကျော်လေးခုရှိပြီး၊ ယခုအဓမ္မရွေ့ ပြောင်းခံရတော့မည့် မုဒိတာ လမ်းသည်
ပထမဆုံးဖြစ်ပြီး နောက်ကျုးကျော်များလဲ နှင်ထုတ်ခံရဖွယ်ရှိသည်။ ထိုနေရာများကို စစ်အစိုးရနှင့်
နီးစပ်သည့်ကုမ္မဏီကြီးတစ်ခုက ၀ယ်ယူသည်ဟု အရပ်ထဲတွင်ပြောဆိုနေကြကြောင်းသိရသည်။ူ ယခု မုဒိတာ
လမ်းတွင်နေထိုင်သူလူဦးရေအပါအ၀င် ကျူးကျော်လေးခုပေါင်းလျှင် လူဦးရေ ၃၀၀၀ကျော်ခန့် ရှိပြီး ။ ၄င်းတို့သည်
အိမ်ခြေမဲ့များအဖြစ်သို့ ပြန်လည်ရောက်ရှိသွားဖွယ်ရှိပါသည်။
ရှိ ကျုးကျော်နယ်မြေတစ်ခုဖြစ်တဲ့ မုဒိတာလမ်းရှိနေအိမ်များအား ၃၁၊ ဇန်နာဝါရီလ

Friday, January 29, 2010
မြောက်ဥက္ကလာပမြို့ နယ်(၂)ရပ်ကွက် က လုပ်ရပ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment