(၁) ၁၉၉၀ ပြည့်နှစ် မေလ(၂၇) ရက်နေ့ တွင်ကျင်းပ ခဲ့သော ပါတီစုံ ဒီမိုက ရေစီ အထွေထွေ ရွေးကောက်ပွဲ ကို ကျင်းပပြုလုပ်ခဲ့ရာတွင်
(က) ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့ နေ့ စွဲပါ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ဥပဒေကို ပြဌာန်းခဲ့သည်။
(ခ) ထိုသို့ ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ၁၉၈၉ခုနှစ် မေလ(၃၁)ရက်နေ့ တွင်ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပြဌာန်းထားခဲ့ရပါသည်။ ထိုသို့ ပြဌာန်းပြီးနောက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ရွေးကောက်ပွဲကျင်းပမည့်နေ့ ရက်ကို ၁၉၉၀ပြည့်နှစ် မေလ(၂၇)ရက်နေ့ ကိုသတ်မှတ်ခဲ့ပါ သည်။
(၂)ရွေးကောက်ပွဲတရပ်ကျင်းပနိုင်ရေး အတွက်မဲ ဆန္ဒနယ်များ သတ်မှတ်ခြင်း၊ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသူများ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၊ မဲစာရင်းပြုစုခြင်း၊
လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်းနှင့် ရွေးကောက်ပွဲ ကိုယ်စား လှယ်ခန့် ထားခြင်း စသည့် အချက်များကိုလုပ်ဆောင်ရန်လိုအပ်ပါသည်။ထိုသို့ လုပ်ဆောင် နိုင်ရန်အတွက် အချိန်လုံလောက်စွာ ရရှိဘို့ လိုအပ်မည်ဖြစ်ပါသည်။
(၃) တရားမျှတသော ရွေးကောက်ပွဲတရပ်ဖြစ်ပေါ်စေရေးအတွက် အနည်းဆုံးအားဖြင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေများ ထုတ်ပြန်ပြီးချိန်မှ စရ်ူ အနည်းဆုံး တစ်နှစ်ခန့် အချိန်လို
အပ်သည်ဟုယူဆပါသည်။ ထိုကဲ့သို့ အချိန်ကာလအားဖြင့် လုံလောက်စွာ မပေးထားပဲ ၂၀၁၀ခုနှစ်ရွေးကောက်ပွဲ ကျင်းပခြင်းသည်။ မည်သည့် နည်းနှင့်မျှ တရားမျှတမည် မဟုတ်
ဟုသတ်မှတ်သည်။
(၄)ထို့ ကြောင့်နိုင်ငံတော်အစိုးရအနေနှင့် တရားမျှတသောရွေးကောက်ပွဲကို ကျင်းပရန်မှာ ယခုအချိန်တွင် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်တော့ကြောင်း ကျွန်ုပ်တို့ လူငယ်များ က သတ်မှတ်လိုက်သည်။
(1)In Burma, the free and fair general election was once taken place on 27 th May in 1990.
(a)To do so, as the first step the Commission acts for democratic general election was imposed on 21 September of 1988.
(b)On 31 May of 1989, electoral laws for people parliament were also imposed. May 27 0f 1990 was then declared as the Election Day.
(2)For an election to be taken place, we need to name constituencies and the electorate, to count the number of those who are eligible to vote, to nominate members of parliament and to select electoral representatives. To do all these things, we essentially need enough time.
(3)To be a free and fair election, it is assumed that we need at least one year to get prepared from the time of electoral laws coming out. Otherwise, this election will not be recognized either internationally or in local as the free and fair one.
(4)Hence, we, young people notice that it is impossible for the State Peace and Development Council to hold the free and fair election in 2010.
Yen Nyein Aung (youth)
Sunday, January 3, 2010
ယနေ့ခေတ်လူငယ်များ၏ (2010)ရွေးကောက်ပွဲအပေါ်သုံးသပ်ချက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment