ခန့်မှန်းခြေ သေဆုံးမှုစာရင်း ...။
လပွတ္တာမြို့နယ်နှင့် အနီးတ၀ိုက် ကျေးရွာများ - ၁ သိန်း ၁ သောင်းဝန်းကျင်။
ဒေးဒရဲနှင့် အနီးတ၀ိုက် ကျေးရွာများ - ၄ သောင်းဝန်းကျင်။
ကွမ်းခြံကုန်းနှင့် အနီးတ၀ိုက် ကျေးရွာများ - ၃ သောင်းအထက်။
တွံတေးမြို့နယ်နှင့် အနီးတ၀ိုက် ကျေးရွာများ - ၅၂၀ ခန့်။
ကွမ်းခြံကုန်းမှ ဒုက္ခသည်အများစုသည် ဘုန်းကြီးကျောင်းများတွင် ခိုအောင်းနေကြရပါသည်။
ပုံမှန် လူအယောက် ၃၀၀ ခန့်သာ နေထိုင်နိုင်သော ဘုန်းကြီးကျောင်းများသည် မုန်တိုင်းအလွန်တွင် လူပေါင်း ၅၀၀ ကျော် .. ၆၀၀ ကျော်ကို စုပြုံ လက်ခံ ထားပေးရပါသည်။
နေထိုင်သူများသည် လဲလျောင်းအိပ်စက်ရန် နေရာအခက်အခဲကြောင့် မိမိတို့ရရာ တနေရာစာတွင်ပင် ထိုင်လျက် အိပ်စက်ကြရပါသည်။
ရရှိသော အစားအသောက်များမှာလည်း မလတ်ဆတ်တော့ပဲ အနံဆိုးများပင်ထွက်နေသည်ဟု ဒုက္ခသည်များက သွားရောက်လေ့လာခဲ့သူများကို ပြောပြခဲ့ပါသည်။
ဒေါပုံမြို့နယ်တွင် လေဘေးဒုက္ခသည်များ နားခိုရာ မူလတန်းကျောင်းများသို့ ဒေသခံအာဏာပိုင်များက လာရောက်ခြိမ်းခြောက်ပြောဆိုကာ ထောက်ခံမဲထည့်ခိုင်းကြောင်း ကြားသိရပါသည်။
ထောက်ခံမဲ မထည့်ရင် နားခိုရာနေရာတွေမှာ ဆက်ပြီးနေခွင့်မရှိဘူးလို့ ပြောဆိုတယ်လို့ သိရပါတယ်။
ယခုစာရင်းတင်သောနေရာများသို့ မော်တော်ဆိုက်ကယ်ဖြင့် သွားရောက်နိုင်ပါသည်။
ရန်ကုန်မှ လပွတ္တာသို့ အသွားအပြန် ဆိုက်ကယ်ငှားခ ၆ သောင်း ကုန်ကျပါသည်။
အသေအပျောက်စာရင်းများကို အလျဉ်းသင့်သလို ဖော်ပြသွားပါမည်။
အောက်ဖော်ပြပါ သတင်းဓာတ်ပုံများမှာ လပွတ္တာမြို့မြင်ကွင်း ဖြစ်ပါတယ်။
ဘလော့ဂါ ပီတိ ဆီမှ ရယူထားခြင်းဖြစ်ပါတယ်။


အတိဒုက္ခရောက်နေကြသော မြန်မာပြည်သူပြည်သားများအား .. သောက်ရေသန့်၊ အစားအစာ၊ ဆေးဝါး၊ အ၀တ်အထည်နှင့် နားခိုရန်နေရာများ အတွက် တတ်စွမ်းသရွေ့ ကူညီပံ့ပိုးပေးကြရန် မေတ္တာရပ်ခံပါတယ်။
Friday, May 9, 2008
နာဂစ် အလွန် ..။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment