Friday, May 2, 2008

၂ မေလ ၂၀၀၈ စည်းဝေး ဆုံးဖြတ်ချက်။

၂ မေလ ၂၀၀၈ တွင် ကျင်းပသော အောက်ဗမာပြည် လူငယ် ပြန်လည် ဖွဲ့စည်းရေးနှင့် ရန်ကုန်တိုင်းတွင်း မြို့နယ်လူငယ်များ ပုံမှန် အစည်းအဝေးမှ ဆုံးဖြတ်ချက်များ။

၂၀၀၈ မေ ၁၀ ရက်နေ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲသည် လွတ်လပ်၍ တရားမျှတမှုရှိစေရန် စောင့်ကြည့် လေ့လာရေး အဖွဲ့များအဖြစ် အနိမ့်ဆုံးအဆင့် အာဆီယမ် ကိုယ်စားလှယ်ကဲ့သို့ အဖွဲ့မျိုးအား ဗဟို အလုပ်အမှုဆောင် အဖွဲ့ အနေဖြင့် တရားဝင် ဖိတ်ခေါ်နိုင်ရေးအတွက် ဗဟိုသို့ အကြံပြုရန် ဆုံးဖြတ်သည်။

၂၀၀၈ မေလ ၁၀ ရက်နေ့တွင် အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဥပဒေနှင့် အညီ ဆန္ဒမဲ ပေးနိုင်ရေးအတွက် ဗဟိုအလုပ်အမှုဆောင် အဖွဲ့အနေဖြင့် ဆောင်ရွက် ပေးနိုင်ရေးအား ဗဟိုသို့ တင်ပြရန် ဆုံးဖြတ်သည်။

၂၀၀၈ မေလ ၁၀ ရက်နေ့မတိုင်မီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး အပါအ၀င် နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရေး တောင်းဆို ဆုံးဖြတ်သည်။

၂၀၀၈ မေလ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို ဆန့်ကျင်ကာ အများ ပြည်သူနှင့် ၀န်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း စသည့် မသမာသည့် နည်းမျိုးစုံအား အသုံးပြုလျက် ထောက်ခံမဲ ရရှိ အတည်ပြုနိုင်ရေး ကြိုးပမ်းနေသည့် စစ်အစိုးရ၏ လုပ်ရပ်များအား လူငယ် ပြန်လည် ဖွဲ့စည်းရေး အဖွဲ့နှင့် ရန်ကုန်တိုင်းတွင်း မြို့နယ်လူငယ်များ၏ အစည်းအဝေးမှ ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်း ကြေညာရန် ဆုံးဖြတ်သည်။

0 comments: