0

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးစိတ်ဝင်စားသူ ပြင်ပလူငယ်များနှင့် တွေ့ဆုံပွဲ

လာမည့် သီတင်းပါတ်အတွင်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးစိတ်ဝင်စားသူ ပြင်ပလူငယ်များနှင့် တွေ့ဆုံပွဲ ပြုလုပ်မည်ဟုသိရသည်။ ၄င်းတွေ့ဆုံပွဲကို ဒီဇင်ဘာလ၊ ၁၇ ရက် သောကြာနေ့တွင် ပြုလုပ်ရန် စီစဉ်ထားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လာမည့် ရက်သတ္တပါတ်သို့ ရွှေ့ဆိုင်းလိုက်သည်။ ၄င်းဆွေးနွေးပွဲကို အမှတ် ၉၇၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ် အဖွဲ့ချုပ်ရုံးတွင်း ကျင်းပမည်ဟု အဖွဲ့ချုပ်အဖွဲ့ဝင်များက ပြောကြားသည်။ ကျင်းပမည့်ရက် အတိအကျမသိရှိရသေးသော်လည်း လာမည့်ရက်သတ္တပါတ်အတွင်း ပြုလုပ်မည်မှာ သေချာကြောင်း သိရသည်။

0

အမျိုးသားနေ့အောင်ပွဲ (သန်လျင်)

5


01

ယနေ့ နှစ်(၉၀)ပြည့်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ်သန်လျင်မြိုနယ်ကျောင်းသားလူငယ်များမှအမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောဆွေးနွေးပွဲနှင့်ကဗျာရွတ်ဆိုပွဲအခမ်းအနားကိုယနေ့ နေ့လည်(၂)နာရီကသန်လျင်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အတွင်းရေးမှူး(CWC)အဖွဲ့ ဝင်ရှေ့နေဦးစိုးဟန်အိမ်တွင်ကျင်းပခဲ့ကြသည်။အခမ်းအနားကိုသန်လျင်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မြို့ နယ်စည်းအဖွဲ့ဝင်များNLDလူငယ်များ၊ကျောင်းသားလူငယ်များ၊NLDသွေးအလှူတာဝန်ခံကိုညီနှင့်အဖွဲ့များ၊မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလိုလားသူကျောင်းသားလူငယ်များနှင့်အခြားစိတ်ပါဝင်စားသူပြည်သူများအပါအ၀င်အင်အားခုနှစ်ဆယ့်သုံးယောက်တက်ရောက်ခဲ့ကြသည်။ယင်းအခမ်းအနားကိုအခမ်းအနားအစီအစဉ်ခြောက်ရပ်ဖြင့်ပြုလုပ်ခဲ့ကြပြီးကျောင်းသားလူငယ်များကအမျိုးသားအောင်ပွဲနေ့နှင့်သက်ဆိုင်သောကဗျာများရွတ်ဆိုခဲ့ကြပြီးအခမ်းအနားအောင်မြင်စွာကျင်းပခဲ့ကြသည်။အခမ်းအနားအပြီးတွင်ကြွရောက်လာကြသောအင်အားစုများကကျိုက်ခေါက်စတီတော်သို သွားရောက်ဖူးမျှော်ခဲံကြပြီးမြန်မာနိုင်ငံဒီမိုကရေစီစနစ်ထွန်းကားစေကြောင်းဆုတောင်းခဲ့ကြကြောင်းသတင်းရရှိသည်။

02


1


Photobucket


Photobucket

0

ကမ္ဘာ့ ဒီမိုကရေစီလူငယ်များနေ့ နှင့် ၈၈ ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်မွေးနေ့ အထိမ်းအမှတ်ပြည်တွင်း၌လှုပ်ရှားမှုပြုလုပ်

ယနေ့(၁၉.၁၀.၂၀၁၀)တွင်ကျရောက်သောကမ္ဘာ့ဒီမိုကရေစီလူငယ်များနေ့နှင့်၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၏မွေးနေ့အထိမ်းအမှတ်အဖြစ်၂၀၀၇မျိုးဆက်ကျောင်းသားသမဂ္ဂကျောင်းသားများကရန်ကုန်မြို့ရှိတန်ခိုးကြီးဘုရားစေတီများတွင်နှင်းဆီပန်းအ၀ါများကပ်လှူရ်ျမြန်မာနိုင်ငံအတွင်းဒီမိုကရေစီရေးလှုပ်ရှားမှုများကြောင့်ထောင်သွင်းအကျဉ်းချခံနေရသောမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်တကွကျောင်းသား၊လူငယ်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဆုတောင်းပွဲများပြုလုပ်ခဲ့ကြကြောင်းသတင်းရရှိသည်။ထို့ပြင်ယနေ့နံနက်တွင်ရန်ကုန်မြို့ရှိလုံခြုံစိတ်ချရသောနေရာတခုတွင်ဗမာနိုင်ငံလုံးဆိုင်ရာဒီမိုကရေစီရေးလှုပ်ရှားတက်ကြွသူများတပ်ပေါင်းစုဝင်ကျောင်းသားလူငယ်များကကမ္ဘာ့ဒီမိုကရေစီလူငယ်များနေ့နှင့်၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၏မွေးနေ့အထိမ်းအမှတ်ဟောပြောဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်းလည်းသိရှိရသည်။၎င်းလှုပ်ရှားမှုတွင်ပါဝင်ခဲ့သူ၂၀၀၇မျိုးဆက်ကျောင်းသားသမဂ္ဂမှကိုမင်းသွေးသစ်ကပြောကြားရာတွင်”ကျွန်တော်တို့ဘုရားတွေမှာဆုတောင်းပွဲလှုပ်ရှားမှုကိုလုံခြုံရေးအရရွှေတိဂုံလိုလုံခြုံရေးတင်းကြပ်တဲ့ဘုရားမျိုးတွေမှာမလုပ်ပဲတခြားတန်ခိုးကြီးဘုရားတချို့မှာဘုရားတဆူကိုလူလေးယောက်ခွဲပြီးပြုလုပ်ခဲ့ပါတယ်။ပုဇွန်တောင်ရွှေဘုန်းပွင့်ဘုရား၊ဗိုလ်တထောင်ဘုရား၊သင်္ကန်းကျွန်းကျိုက်ကဆံဘုရား၊သန်လျင်ကျိုက်ခေါက်ဘုရား၊ကျိုက်ဒေးယုံဘုရားနဲ့တခြားဘုရားအချို့မှာပြုလုပ်ခဲ့ပါတယ်။ဆွေးနွေးပွဲကိုတော့ဗဒတတပ်ပေါင်းစုလူငယ်ပေါင်း(၃၇)ယောက်မှတက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။အဲဒီဆွေးနွေးပွဲမှာစစ်အစိုးရကသမိုင်းဖျောက်ထားတဲ့(၇)ဇူလိုင်အရေးအခင်းနဲ့တံတားနီအရေးအခင်းလိုယနေ့ခောတ်ကျောင်းသားလူငယ်တွေမသိမမှီခဲ့တဲ့သမိုင်းကြောင်းတွေကိုဆွေးနွေးဟောပြောခဲ့ကြပါတယ်။စစ်အစိုးရကဒီမိုကရေစီရေးတောင်းဆိုလှုပ်ရှားခဲ့ကြတဲ့ကျောင်းသားလူငယ်တွေကိုဘယ်လိုမျိုးအကြမ်းဖက်နှိမ်နင်းခဲ့တယ်ဆိုတာနဲ့အဲဒီအရေးအခင်းတွေမှာကျဆုံးခဲ့တဲ့ကျောင်းသားလူငယ်ပေါင်းများစွာကိုဒီနေ့လိုကမ္ဘာ့ဒီမိုကရေစီလူငယ်များနေ့မှာသူတို့ရဲ့စွန့်လွှတ်ပေးဆပ်မှုတွေကိုဂုဏ်ပြုတဲ့အနေနဲ့ဆွေးနွေးပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ဆွေးနွေးပွဲအပြီးမှာကျွန်တော်တို့လူငယ်တွေသဘောတူညီချက်တခုချမှတ်ခဲ့ပါတယ်။အဲဒါကတော့ကျွန်တော်တို့နိုင်ငံဒီမိုကရေစီရရှိရေးအတွက်အရင်ကနောင်တော်ကြီးတွေရဲ့လမ်းစဉ်အတိုင်းကျွန်တော်တို့ရဲ့အသက်တွေ၊သွေးတွေ၊ချွေးတွေပေးဆပ်ပြီးမြန်မာနိုင်ငံမှာအမြစ်တွယ်နေတဲ့စစ်အာဏာရှင်စနစ်ပြုတ်ကျပြီးဒီမိုကရေစီရရှိသည်အထိလှုပ်ရှားဆောင်ရွက်ကြမယ်လို့သံဓိဌာန်ချခဲ့ကြပါတယ်။လှုပ်ရှားမှုနှစ်ခုစလုံးကိုသိုသိုသိပ်သိပ်လုပ်ဆောင်ခဲ့ကြတဲ့အတွက်အာဏာပိုင်တွေရဲ့နှောက်ယှက်တာ၊ဖမ်းဆီးတာမရှိခဲ့ပါဘူး”ဟုပြောကြားသွားပါသည်။၂၀၀၇မျိုးဆက်ကျောင်းသားသမဂ္ဂကျောင်းသားများသည်ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများတပ်ပေါင်းစုတွင်ပါဝင်ပြီး၂၀၁၀ရွေးကောက်ပွဲဆန့်ကျင်ရေးနှင့်၂၀၁၀အလွန်ကာလတွင်လည်း၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဆန့်ကျင်ရေးများဆက်လက်ပြုလုပ်သွားကြမည်ဖြစ်ကြောင်းသိရှိရသည်။ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများတပ်ပေါင်းစုတွင်မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၊NEW
GENERATION၊ရွှေဝါရောင်မျိုးဆက်အဖွဲ့၊၂၀၀၇မျိုးဆက်ကျောင်းသားများသမဂ္ဂ၊မြေလတ်ကျောင်းသားများအဖွဲ့၊ရန်ကုန်တိုင်းအတွင်းဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူကျောင်းသားလူငယ်အင်အားစုများနှင့်၉၀ခုမျိုးဆက်အဖွဲ့စသည့်အဖွဲ့ ပေါင်းခုနှစ်ဖွဲ့ပါဝင်သည်။


ဒါကနောက်တပုဒ်ပါ
ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွ လှုပ်ရှားသူများတပ်ပေါင်းစု(ဗဒတ)
၏ ၂၀၁၀ ဆန့်ကျင်ရေးလှုပ်ရှားမှု

၂၀၁၀ ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ ၂၀၁၀
ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုများ
မြန်မာနိုင်ငံအနှံအပြားတွင်ပေါ်ပေါက်လာ သည်။

၁၆.၁၀.၂၀၁၀ နှင့် ၁၇.၁၀.၂၀၁၀ စနေ တနင်္ဂနွေနေ့ များတွင် ၂၀၁၀
ရွေးကောက်ပွဲတွင် မဲမပေးရေးလှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်တိုင်းအတွင်းရှိ
မြို့နယ်(၂၀)မြို့နယ် တို့ တွင်အခြေပြုလှုပ်ရှားခဲ့ကြောင်းသတင်းရရှိသည်။
ဗဒတ တပ်ပေါင်းစုသည် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံနှင့်အတူ“ ပြည်သူတွေအနေနဲ့
ရွေးကောက်ပွဲမှာမဲပေးနိုင်တဲ့အခွင့်အရေးရှိသလို
မဲမပေးပဲနေနိုင်တဲ့အခွင့်ရေးလဲရှိတယ်” စာသားပါသည့် ပို့စကဒ်များကို
အဆိုပါ(၂၀)မြို့ နယ်တွင် ဝေငှခဲ့ခြင်းဖြစ်သည်။


ဗဒတ တပ်ပေါင်းစုအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲသပိတ်မှောက်ရေး
လှုပ်ရှားမှုတစ်ရပ်အနေဖြင့် အဆိုပါ
ပို့စကဒ်ပေါင်းတစ်သောင်းခြောက်ထောင်အား နေအိမ်တိုက်ခန်းများ၊
လူစည်ကားရာလမ်းမများ၊ ရုပ်ရှင်ရုံများ၊ လက်ဖက်ရည်ဆိုင်များ၊
ဓါတ်တိုင်များနှင့် တိုက်နံရံများတွင် လိုက်လံ၍ကပ်ခြင်း၊
ဖြန့်ကျဲခြင်းများပြုလုပ်ခဲ့ကြသည်။

ဗဒတပ်ပေါင်းစုမှ အဆိုပါ ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်သပိတ်မှောက်ရေးလှုပ်ရှားမှုကို
မရမ်းကုန်းမြို့နယ်(ကဗ္ဘာအေးဘုရားလမ်း)၊ဒေါပုံ၊သာကေတ၊လသာ၊ဒဂုံ၊ပုဇွန်တောင်၊ကျောက်တံတား၊တာမွေ၊တောင်ဥက္ကလာ၊မြောက်ဥက္ကလာ၊လှိုင်သာယာ၊တောင်ဒဂုံ၊လှိုင်၊ကြည့်မြင်တိုင်၊ရွှေပြည်သာ၊စမ်းချောင်း၊မင်္ဂလာတောင်ညွန်
့၊သန်လျင်၊ကျောက်တန်းနှင့်သုံးခွမြို့ နယ် အပါအ၀င် စသည့် မြို့နယ်ပေါင်း(၂၀)
မြို့နယ်တွင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

အဆိုပါလှုပ်ရှားမှုနှင့်ပတ်သတ်၍ ဗဒတ ၏ အထွေထွေအတွင်းရေးမှူးဖြစ်သည့်
လူငယ်ကိုရန်နိုင်က “ကျနော်တို့တပ်ပေါင်းစုအဖွဲ့ဝင်အသီးသီးအခြေပြုရာ
နယ်မြေဒေသတွေမှာ ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုများကို
ဦးတည်ချက်ရှိရှိ တပြိုင်တည်းပြုလုပ်ခဲ့ကြတာပါ” ဟု ပြောဆိုသည်။
ပြည်သူများအနေဖြင့်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏
တိုင်းပြည်အပေါ်ထားသောစေတနာစကားများကို နားလည်သဘောပေါက် ၍
ဒီမိုကရေစီရရှိရေးကြိုးပန်းမှုများတွင် တက်ကြွစွာ ပါဝင်ကြပါရန်လည်း
တိုက်တွန်းနှိုးဆော်ထားသည်။

ယခုလှုပ်ရှားမှုသည် ဗဒတ တပ်ပေါင်းစု၏ စတုတ္ထအကြိမ်မြောက်လှုပ်ရှားမှုဖြစ်ပြီး
ယခုလှုပ်ရှားမှုမတိုင်ခင်ကလည်း CD Campaign ၊ သံဃာ့ တပ်ပေါင်းစု၏
ပြည်သူလူထုသို့ပန်ကြားချက်များကို ဖြန့်ဝေပေးခြင်း နှင့်
EUအပါအ၀င်နိုင်ငံခြားသံရုံးများသို့ ၂၀၁၀
ရွေးကောက်ပွဲအသိအမှတ်မပြုရေးအိတ်ဖွင့်ပေးစာစသည့်လှုပ်ရှားမှုများကိုပြုလုပ်ခဲ့သည်။

ဗဒတ တပ်ပေါင်းစုကြီးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၊
၂၀၀၇
မျိုးဆက်ကျောင်းသားများသမဂ္ဂ၊ ရွှေဝါရောင်မျိုးဆက်အဖွဲ့၊ New Generation၊
မြေလတ်ကျောင်းသားများအဖွဲ့ နှင့် ရန်ကုန်တိုင်းအတွင်းရှိ
ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်အင်အားစုအဖွဲ
၊့(၉၀)ခုမျိုးဆက်စသည့်အဖွဲ့ခုနှစ်ဖွဲ့ ပါဝင်ပြီးအမာခံလူငယ်အင်အား ၂၀၀
ကျော်၊အဖွဲ့ဝင်ပေါင်း(၅၀၀)ကျော်(၂၂)နှစ်မြောက်၈လေးလုံးနှစ်ပတ်လည်နေ့ဖြစ်သည့်၈ရက်၈လ၂၀၁၀

တွင် စတင်ဖွဲ့စည်းလှုပ်ရှားခဲ့ကြောင်းသိရှိရသည်။

0

လူကြီးမင်း ခေါ်ဆိုသော......

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ

အသံထွက်မှားနေပါသဖြင့် ခေါ်ဆိုမရနိုင်ပါ...

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ

အဓိပါယ်မရှိပါသဖြင့် ခေါ်ဆို၍မရနိုင်ပါ...

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ

ဆက်သွယ်ရေး ဧရိယာပြင်ပရောက်ရှိနေပါသဖြင့် ခေါ်ဆိုမရနိုင်ပါ

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ

စက်ပိတ်ထားပါသဖြင့် ခေါ်ဆိုမရနိုင်ပါ....

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ

လိုင်းများမအားသေးပါသဖြင့် ခေါ်ဆိုမရနိုင်ပါ

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ

အစည်းအဝေးခန်းထဲဝင်နေပါသဖြင့် ခေါ်ဆိုမရနိုင်ပါ

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ

စာလုံးပေါင်းမှားနေပါသဖြင့် ခေါ်ဆိုမရနိုင်ပါ

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ

လိုဂိုအမှတ်တံဆိပ်များ တုပထားသဖြင့် ခေါ်ဆိုမရနိုင်ပါ

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ

အချိန်မရွေး အာဏာသိမ်းယူနိုင်ပါသဖြင့် ခေါ်ဆိုမရနိုင်ပါ...

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ

လူကြီးမင်း ခေါ်ဆိုသော ဒီမိုကရေစီမှာ

လူတကာ ဖုတ်ဖတ်ခါပြောလွန်းလို့

ဖွတ်ဖွတ်ညက်ညက်ကြေနေပြီဖြစ်ပါသဖြင့်...

သေဆုံးသွားခဲ့ပါပြီ...။




From copy to Moe Hlaing Nya ! (Thank Mg Moe Hlaing Nya )

0

ခွေးလားလူလား

ဒါရိုက်တာ ဇင်ယော်မောင်မောင်နှင့် တင်သန်းဦး အာရုဏ်ဦးမှာ ဖူးသည့်ကြာ ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသော ကို ခန့် စည်သူ အပါအ၀င် ရုပ်ရှင်၊ ဗွီဒီယို သရုပ်ဆောင်များအတွက် အမှတ်တရ......







အိမ်ကြီးရှင်ပဲလာလာ...




အိမ်ဖော်မပဲလာလာ..





မယားငယ်ပဲလာလာ..





မာလီပဲလာလာ..





ထမင်းပန်းကန် သယ်လာတဲ့လက်ကို




သခင်လို့ မှတ် တာ




"ခွေး"




အိမ်ကြီးရှင်ပဲလာလာ..





အိမ်ဖော်မပဲလာလာ...




မယားငယ်ပဲလာလာ...





မာလီပဲလာလာ..



ဒီထမင်းပန်းကန် ဘယ်သူက ကျွေးတယ်ဆိုတာ..


စဉ်းစားတာ





"လူ"




စေတနာဖြင့်





၇န်ငြိမ်းအောင်

0

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်မဟုတ်

ရဲဘော်လူငယ်အပေါင်းတို့ 
အခုဆိုရင် န-အ-ဖ စစ်အစိုးရက သူတို့ ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲမှာ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးနိုင်တဲ့ စာရင်းမှာ ထည့်လိုက်ပြီ ။ အရင် ကထည့်မထားဘူး။ သေချာစဉ်းစားကြည့်ရင်။ ဒီလုပ်ရပ် ဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဆက်လက်ချထားမယ်ဆို တဲ့သဘောတွေ့ ရတယ်။ အရပ်သား (သို့ ) လူငယ်စကားနဲ့ ပဲ ရှင်းကြတာပေါ့။ ဥပဒေစကားက ရှေ့ နေတွေ ပြောလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ၀င်းအတွင်းကို အမေရိကန်နိုင်ငံသား ဂျွန်ဝီလံ ယက်ထော ရေကူးဝင်လို့ ဆိုပြီး စစ်အစိုးရ က ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲခဲ့တယ်။ ထောင်ဒဏ် (၃) နှစ်ပြစ်ဒဏ်ချမှတ်တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လုပ်ပိုင်ခွင့်အာဏာအရဆိုပြီး ပြစ်ဒဏ်ကို ထက်ဝက်သာ ကျခံစေတယ်။ နေအိမ်တွင်ကောင်းမွန်စွာ နေထိုင်ခဲ့လျှင် ကျန်တဲ့ပြစ်ဒဏ်ကို လျော့ပေါ့ပေးမယ်လို့ ပြောတယ်။ တစ်နှစ်ခွဲပြီးရင် လွှတ်ပေးရတော့မယ်လို့ အားလုံးက လက်ခံယူဆခဲ့ကြတယ်။ ခုမဲပေးနိုင်တဲ့ စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်အမည်ကို ရေးသွင်းလိုက်ခြင်းဟာ၊၁၁.၈.၂၀၀၉ ရက် တရားရုံးကနေအမိန့် ချလိုက်တဲ့ နေ့ က စပြီး မနေ့ က ၂၄.၉.၂၀၁၀အထိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ အကျယ်ချုပ်နေထိုင်ခဲ့ရတဲ့ကာလဟာ နေအိမ်တွင်ကောင်းမွန်စွာနေထိုင်သည့်ကာလ ဖြစ်သွားပြီး။ သူ ထောင်ဒဏ်ကျခံရမယ့် တစ်နှစ်ခွဲကာလက အခုလာမယ့် ၁၃.၁၁.၂၀၁၀ကျမှ စတင်ကျခံရ မယ့်သဘောဖြစ်သွားပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ချင်လို့ အရင်ကတည်းကစဉ်းစားပြိးလုပ်ထားတာ။ ယုတ်မာတာပေါ့။ မိတ်တွေရဲဘော်လူ ငယ်အပေါင်းတို့  သတိလက်လွှတ်မဖြစ်ကြစေနဲ့ ။
သင်တို့ ရဲ့ 
ရန်ငြိမ်းအောင်

0

ဗမာနိုင်ငံ ဒီမိုကရေစီ ရေး တက်ကြွလှုပ်ရှားသူများတပ်ပေါင်းစု

Photobucket

0

မဲမပေးပဲ နေတာကို ခြိမ်းခြောက်လို့ မရ



မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေး

 

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ - ၂ (ဎ) တွင်

 

  (ဎ)     ရွေးကောက်မှုဆိုင်ရာအခွင့်အရေးဆိုသည်မှာ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် ပါဝင်

 

     ယှဉ်ပြိုင်နိုင်သော အခွင့်အရေး၊ ပါဝင် ယှဉ်ပြိုင်ခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေး၊ လွှတ်တော်

 

      ကိုယ်စားလှယ်လောင်း စာရင်းမှ နှုတ်ထွက်နိုင်သော အခွင့်အရေး ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အခွင့်အရေး

 

     (သို့မဟုတ်) မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေးကို ဆိုလိုသည်။

       

 

  အလားတူပင် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂ (ဎ) တွင် အထက်ပါအတိုင်း ပြဌာန်းထားပါသည်။

         

        ထို့အပြင် တိုင်း၊ ဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂ (ဎ) တွင်

 

        အထက်ပါအတိုင်း ပြဌာန်းထားပါသည်။

         

      ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအခန်း (၁၃) တွင်ြ

 

ပြဌာန်းထားပါသည်။ ယင်းအခန်းပုဒ်မ - ၅၈ (ခ) တွင် အောက်ပါအတိုင်း ပြဌာန်းထားပါသည်။

 

(ခ)     ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို လွတ်လပ်စွာ မကျင့်သုံးနိုင်စေရန် လွှတ်တော် ကိုယ်စားလှယ်လောင်း

 

            တစ်ဦးဦးကိုသော်လည်းကောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးဦးကို သော်လည်းကောင်း ခြိမ်းခြောက်ခြင်း။

         

အလားတူပင် အမျိုးသားလွှတ်တော်  ရွေးကောက်ပွဲဥပဒေ အခန် ၁၃ ပုဒ်မ - ၅၈ (ခ) တွင် လည်းကောင်း

 

တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း - ၁၃ ပုဒ်မ - ၅၈ (ခ) 

 

တွင်လည်းကောင်း အထက်ပါအတိုင်း ပြဌာန်းထားပါသည်။

        

        ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ တိုင်းဒေသကြီး လွှတ်တော်

 

           သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ တို့၏ ပုဒ်မ ၂ (ဎ) ပါ ပြဌာန်းချက်အရ "ရွေးကောက်ပွဲတွင်

 

          မဲပေးနိုင်သော အခွင့်အရေး သို့မဟုတ် မဲပေးခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေးကို ဆိုသည်။" ဟု

 

          ပြဌာန်းထားချက်အရ မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေးမှာ ဥပဒေပြဌာန်းချက်အရ ရွေးကောက်မှုဆိုင်ရာ

 

         အခွင့်အရေးဖြစ်ပါသည်။

          

          ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ နှင့် တိုင်းဒေသကြီး

 

       လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့၏ ပုဒ်မ - ၅၈ (ခ) အရ တစ်နှစ်ထက် မပိုသော

 

      ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ပြဌာန်းထားပါသည်။

         

                 သို့ဖြစ်ရာ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးဖြစ်သော မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေးကို

 

ခြိမ်းခြောက်ခြင်းပြုသူသည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအရ ပြစ်မှုကျူးလွန်ခြင်း ဖြစ်ပါသည်။


                                                                                                 စေတနာဖြင့်

                                                                                                  ရန်ငြိမ်းအောင်(လူငယ်)